Businesses WM စီးပွားရေး ဖွံ့ဖြိုးမူ

ထူးချွန်ပြောင်မြောက်မူကို အာမခံခြင်း

ဆက်ကြည့်ရန်
Businesses WM ရေသန့်စင်စက်လုပ်ငန်း

ပတ်ဝန်းကျင်သဟဇာတဖြစ်မူ

ဆက်ကြည့်ရန်
Businesses WM ကြွေရည်စိမ်အသုံးအ‌ဆောင်ပစ္စည်း

မြန်မာ့နံပါတ်(၁) ကြွေရည်စိမ်အသုံးအ‌ဆောင်ပစ္စည်း

ဆက်ကြည့်ရန်
Businesses WM အထည်ချုပ်လုပ်ငန်း

ဝယ်ယူသူများ၏စိတ်ကျေနပ်မူ

ဆက်ကြည့်ရန်
ရှမ်းယူနိုက်တက် ဘောလုံးအသင်း
Anin ဦးပိုင် ကုမ္ပဏီလီမိတက်

About Us

ကျွန်ုပ်တို့၏ ပန်းတိုင်

WM သည်လုပ်ငန်း‌ဆောင်တာများ လည်ပတ်ရာတွင်စံနှုန်း (၃) ခုကိုနှလုံးသွင်း ဆောင်ရွက်ပါသည်။ ထိုစံနှုန်းများမှာ-

တာဝန်ယူမူ

ပွင့်လင်းမြင်သာမူ

တီထွင်ဆန်းသစ်မူ

ကျွန်ုပ်တို့၏ ပန်းတိုင်သည် ရှင်းလင်းပြတ်သားပါသည်။ "နိုင်ငံရပ််ခြား လုပ်ငန်းမိတ်ဖက်များ၊ အသိပညာနှင့်‌‌ ‌‌‌‌‌စျေးကွက်များကိုအသုံးပြု၍ ပြည်တွင်းတွင်ကျွန်ုပ်တို့၏လုပ်ငန်း ဖွံ့ဖြိုးလာနိုင်ရန်အတွက်အရည်အချင်းရှိသူများကိုပျိုးထောင် ပံ့ပိုးမည်၊ အဆိုပါပညာရှင်တို့၏ စကားသံကိုလည်း ဂရုတစိုက်လက်ခံနားထောင်ပါမည်။"
ကျွန်ုပ်တို့၏ လုပ်ငန်းများ
ဝမင်း အဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်း

ထူးချွန်ပြောင်မြောက်မူကို အာမခံခြင်း

ဝမင်း စီးပွား‌ရေး ဖွံ့ဖြိုးမှုလုပ်ငန်းသည်အဆင့်အတန်းမြင့်မားမှုကို အလေးထားပြီး ဇိမ်ခံလူနေမှုဘဝကို တစ်‌ခေတ်ဆန်းသစ်စေပါသည်။ ကျွန်ုပ်တို့သည်တစ်မူထူးသော အထင်ကရ အဆောက်အအုံ အမျိုးမျိုး ကိုတူညီသော အမြင့်မားဆုံးစံနှုန်းများနှင့်အညီဆောက်လုပ်လျက်ရှိပါသည်။ ဝမင်း စီးပွားရေး ဖွံ့ဖြိုးမှု လုပ်ငန်းသည် အကောင်းဆုံး တည်နေရာများ၊ အတော်ဆုံး ဗိသုကာများနှင့်ဒီဇိုင်နာများဖြင့်ဖွဲ့စည်းထား သော လုပ်ငန်းမိတ်ဖက်များအပြင် ‌ကော်မစ်ရှင်၏ ပထမတန်း ကန်ထရိုက်တာများကိုရှာဖွေရာတွင် အသေးစိတ်တိုင်းကို အလေးထားဂရုပြုပြီး ‌ဆောင်ရွက်ပါသည်။

ဝမင်း ရေသန့်စင်စက်လုပ်ငန်း

ပတ်ဝန်းကျင်သဟဇာတဖြစ်မှု

ကူဘိုတာ ဂျိုကာစိုးစနစ် (Kubota Johkasou System) ကိုဝမင်းမှ မြန်မာနိုင်ငံတွင်တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တရားဝင် ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ အဆိုပါစနစ်၏ ပတ်ဝန်းကျင်သဟဇာတဖြစ်မှုကြောင့်ရန်ကုန်မြို့တော် စည်ပင်သာယာရာရေးကောင်စီနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့ကလည်း အသိအမှတ်ပြုထားပါသည်။

ဝမင်း ကြွေရည်စိမ်အသုံးအဆောင်ပစ္စည်း

နံပါတ်တစ် ကြွေရည်စိမ်လုပ်ငန်း

ဝမင်းသည် မြန်မာ့နံပါတ်(၁) ကြွေရည်စိမ်အသုံး အ‌ဆောင်ပစ္စည်း ထုတ်လုပ် ဖြန့်ချီရေး ကုမ္ပဏီဖြစ်ပါသည်။ ဤ ‌ဈေးကွက် တွင်ကျွန်ုပ်တို့၏အားသာချက်မှာ ဂျပန်နိုင်ငံ၏ ကင်ရှိုမာတာချီကော်ပိုးရေးရှင်း (Kinsho Martachi Corporation Japan) မှတင်သွင်း သောနည်းပညာကို အသုံးပြုထားခြင်းဖြစ်ပါသည်။ကျွန်ုပ်တို့၏ ကြွေရည်စိမ် အသုံးအဆောင်ပစ္စည်းများဟာ အခြားကြွေရည်စိမ်ထုတ်ကုန်များနှင်မတူဘဲ သက်တမ်းကြာရှည်ခံမည်ဖြစ်ကြောင်း အာမခံပါသည်။

ဝမင်း အထည်ချုပ်လုပ်ငန်း

ဝယ်ယူသူများ၏ စိတ်ကျေနပ်မူ

ကျွန်ုပ်တို့၏ လုပ်ငန်းကို၂၀၁၀ ခုနှစ်တွင်စတင်တည်ထာင်ခဲ့ပြီး အမျိုးမျိုးသော အဝတ်အထည်များ ဖန်တီးချုပ်လုပ်ခြင်း နှင့်အတူမျက်‌ မှောက်ကာလ ကမ္ဘာ့အကြိုက်နှင့်ဖက်ရှင်အပေါ် အခြေခံကာ ဒီဇိုင်း အသစ်များဖန်တီးပြီး တီထွင်ဆန်းသစ်မှုများကိုဂုဏ်ယူစွာ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ကျွန်ုပ်တို့၏ ထုတ်ကုန်များကိုဂျပန်၊ ဟောင်ကောင်၊ ကိုရီးယားနှင့်ထိုင်းနိုင်ငံများကိုတင်ပို့လျက်ရှိပြီ ဆက်လက်၍လည်း တိုးချဲ့သွားပါမည်။

Anin ဦးပိုင်ကုမ္ပဏီလီမိတက်

ယုံကြည်မူကို အခြေခံသောဆက်ဆံရေး

အန်နင်း (Anin) ဦးပိုင်ကုမ္ပဏီလီမိတက်သည်အရည်အေသွးပြည့် ကွန်ကရစ်ရောစာ ဝန်ဆောင်မှုများကို သဘာဝပတ်ဝန်းကျင်မထိခိုက်ေစေသာ နည်းလမ်းများဖြင့်ဆောင်ပေးသောလုပ်ငန်းများအနက် အလှင်မြန်ဆုံး ဖွံ့ဖြိုးလာနေသော ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ယုံကြည်မူကို အခြေပြုသော ဆက်ဆက်ရေးကောင်းများကိုလည်း တည်ဆောက်လျှက်ရှိပါသည်။

ရှမ်းယူနိုက်တက်

ပရော်ဖက်ရှင်နယ် ဘောလုံးအသင်း

ရှမ်းယူနိုက်တက် ဘောလုံးအသင်းသည်‌ တောင်ကြီးမြို့တွင် အခြေစိုက်သော မြန်မာနိုင်ငံ၏ ပရော်ဖက်ရှင်နယ် ဘောလုံးအသင်းဖြစ်ပါသည်။ မြန်မာနေရှင်နယ်လ်လိဂ် (MNL) တွင် ကြီးကျယ်ခမ်းနားသော ရှမ်းပြည်နယ်ကို ကိုယ်စားပြုနေသည့်အသင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ခရီးလမ်း

လုပ်ငန်းအောင်မြင်မူ မိုင်တိုင်များသည် မှတ်ကျောက်တိုင်များနှင့် အလားသဏ္ဌာန်တူပြီး စီးပွားရေးလုပ်ငန်းများက တိုးတက်အောင်မြင်နေကြောင်း ပြသပါသည်။
သို့ဖြစ်၍ ဝမင်းသည်ကျွန်ုပ်တို့လျှောက်လှမ်းခဲ့သည့်
ခိုင်မာသော ခရီးလမ်း အနာဂတ်ရင်းနှီးမြှုပ်နှံမှုများအတွက် ဂုဏ်ယူဝမ်းမြောက်လျက်လုပ်ငန်းအသစ်များလည်း ဖြန့်ကျက် ဆောင်ရွက်လျက်ရှိပါသည်။ အုတ်မြစ်ချရာတွင်ပါဝင်နိုင်ခဲ့သော မိမိတို့၏ အခန်းကဏ္ဍအတွက်လည်း များစွာဂုဏ်ယူမိပါသည်။
၁၉၉၆

ဝမင်းကိုဦးမြင့်ဝေက မိသားစုလုပ်ငန်းအဖြစ်စတင်တည််‌ထောင်ခဲ့ပြီး ပြည်တွင်းထုတ်အဝတ်အထည်များကိုဂျပန်နိုင်ငံသို့တင်ပို့ခဲ့ပါသည်။

၂၀၀၃

ဦးမြင့်ဝေသည် နိုင်ငံ့ဝန်ထမ်းသမဝါယမဌာန (“GEC”) ၏ ဥက္ကဋ္ဌရာထူးမှအငြိမ်းစားယူခဲ့ပြီး ဝမင်းကိုအချိန်ပြည့် ဦးစီးစီမံခဲ့ပါသည်။

၂၀၀၇

ခွန်နောင်မြင့်ဝေသည် ဝမင်းကိုမိသားစုလုပ်ငန်းအဖြစ်ဆက်လက်တည်တံ့စေရန်ရည်ရွယ်ပြီး ကုမ္ပဏီကိုဝင််‌ရောက်ခဲ့ပါသည်။
ဤ‌ပေါင်းစည်းမှုကြောင့်ဝမင်းသည်ရွှေတူးဖော်ခြင်း လုပ်ငန်းသို့ ဖြန့်ကျက်နိုင်ခဲ့ပါသည်။

၂၀၁၀

အီတလီနိုင်ငံမှရရှိသော နည်းပညာများကိုအသုံးပြုပြီး ဝမင်း၏ တိုးပွားလာနေသော လုပ်ငန်းကဏ္ဍများတွင်ရွှေသန့်စင် စက်ရုံကို လည်း ထည့်သွင်းနိုင်ခဲ့ပါသည်။ ထိုအပြင် မြန်မာနိုင်ငံ၏ ပထမဆုံးရွှေသန့်စက်ရုံကို ဖွင့်လှစ်နိုင်ခဲ့သည် ဂုဏ်ကျက်သေရနှင့် ချီးမွမ်းထောပနာ ပြုမူတို့ကိုလည်း ရရှိခဲ့ပါသည်။

၂၀၁၁

ခွန်နောင်မြင့်ဝေသည် ဝမင်းကုမ္ပဏီကိုဝင်ရောက်လာခဲ့ပြီးနောက် ကုမ္ပဏီ၏ ဖွံ့ဖြိုးတိုးတက်မှုကိုအေထာက်အကူပြုစေရန် ဘဏ္ဍာရေးပိုင်းဆိုင်ရာများကိုအနီးကပ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။

ထိုနှစ်တွင်ပင်ဝမင်းသည်လုပ်ငန်းသစ် (၃) ခုကိုစတင်လည်ပတ်ခဲ့ပါသည်။ အထည်ချုပ်လုပ်ငန်း – ကိုက်ညှပ်ခြင်း ၊ ချုပ်လုပ်ခြင်း နှင့်ထုတ်ပိုးခြင်း (“CMP”) အထည်ချုပ်စက်ရုံကို တည်ထောင်ခဲ့ပြီး ဝယ်လိုအားတိုးပွားလာမှုကိုပံ့ပိုးနိုင်ရန်ဝန်ထမ်း (၃၀၀) ဦးကိုထပ်မံခန့်ထားခဲ့ပါသည်။

သတ္တုပြားလုပ်ငန်းသို့ချဲ့ ထွင်ရန်အတွက်ကြွေရည်စိမ်စက်ရုံကိုလက်လွှဲ ဝယ်ယူခဲ့ပါသည်။

သံဖြူနှင့်အဖြိုက်နက်တူးဖော်ရေးလုပ်ငန်းများအတွက်နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံသူများနှင့်စတင်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ဝမင်းသည် အိမ်ခြံမြေဖွံ့ဖြိုးရေးနယ်ပယ်သို့ထပ်မံဖြန့်ကျက််ခဲ့ပါသည်။

၂၀၁၂

ဝမင်းသည် မြန်မာနိုင်ငံအတွင်းရှိအိမ်ခြံမြေကို ‌အလေးပေးဆောင်ရွက်ရန်WM အိမ်ခြံမြေဖွံ့ဖြိုးရေးနှင့် ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှုဌာနကိုဖွဲ့စည်းခဲ့ပါသည်။

၂၀၁၃

ဝမင်းသည်ကူဘိုတာ ဂျိုကာစိုး ကေဇက်ဖိုက်(Kubota Johkasou KZ5) ရေသန့်စင်စနစ်အတွက်တပ်ဆင်ေရးလိုင်း/စက်ရုံကိုဖွင့်လှစ်ခဲ့ပြီး ထုတ်လုပ်နိုင်စွမ်းကိုတိုးချဲ့ ခဲ့ပါသည်။ ထိုနှစ်တွင်ပင်ကယားအပန်းဖြေစခန်း (Kayah Resort) အမည်ဖြင့်ဝမင်း၏ ပထမဆုံးဟိုတယ်ကိုလွိုင်ကော်မြို့နယ်၌ ဖွင့်လှစ်ခဲ့ပြီး ဧည့်သည်များ အပန်းဖြေနိုင်ရန်အစွမ်းကုန်ဝန််ဆောင် ‌ပေးနိုင်ခဲ့ပါသည်။

၂၀၁၄

ဝမင်းသည်အလူမီနီယံနှင့်ဖန်မျက်နှာစာ ကုမ္ပဏီကိုဗီယက်နမ်နိုင်ငံမှခွန်ဒတ် (QuanDat) ကုမ္ပဏီနှင့်ဖက်စပ်တည် ‌ထောင်ခဲ့ပါသည်။ ခွန်ဒက်သည်နှစ်ပေါင်း (၂၀) ကျော်ကြာ ရပ်တည်လာခဲ့သော လုပ်ငန်းအတွေ့အကြုံနှင့်နည်းပညာများ ပြည့်ဝ‌နေသာကုမ္ပဏီတစ်ခုဖြစ်ပါသည်။ WM Quan Dat ကုမ္ပဏီသည်အလူမီနီယံနှင့်ဖန်မျက်နှာစာများကိုဒီဇိုင်းဆွဲခြင်း၊ ပြုလုပ်ခြင်း၊ကုန်ပစ္စည်းပေးခြင်း၊ ထုတ်လုပ်ခြင်း ၊ တပ်ဆင်ခြင်းနှင့်ပြုပြင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ပါသည်။

၂၀၁၅

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ဖလားကိုဒုတိယတစ်ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်း ဒိုင်းလုပွဲတွင်လည်း အနိုင်ရရှိခဲ့ပါသည်။

၂၀၁၇

ဝမင်းနှင့်အန်ဂျို (Anjo) ကုမ္ပဏီတို့သည် မြန်မာနိုင်ငံ အခြေစိုက်ဂျပန်အလုပ်အကိုင်နှင့်ဝန်ထမ်းရှာဖွေရေး အေဂျင်စီတစ်ခုကို တည်ထောင်ရန်လက်တွဲမူ စာချွန်လွှာကိုလက်မှတ် ရေးထိုးခဲ့ပါသည်။

၂၀၂၀

ဝမင်းနှင့်အန်ဂျိုကုမ္ပဏီတို့သည် WM-Anjo အလုပ်အကိုင်နှင့်ဝန်ထမ်း ရှာဖွေရေး ‌အေဂျင်စီလိုင်စင်ကို ခွင့်ပြုမိန့် ရရှိခဲ့သည့်အတွက် ရန်ကုန် အခြေစိုက် ဂျပန်ဘာသာစကားသင်တန်းနှင်တွဲဖက်၍ စတင်လည်ပတ်ခဲ့ပါသည်။

ရှမ်းယူနိုက်တက်အသင်းသည်၂၀၂၂ မြန်မာနေရှင်နယ်လိဂ်ဖလားကိုဆွတ်ခူးနိုင်ခဲ့ပြီး ရာသီတစ်လျှောက်ရှုံးပွဲမရှိ ယှဥ်ပြိုင်နိုင်ခဲ့ပါသည်။

၂၀၂၂

ကျွန်ုပ်တို့၏ အဖွဲ့သားများ

ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ

ဦးမြင့်ဝေ
နာယက

ဦးမြင့်ဝေသည်၁၉၉၆ ခုနှစ်တွင်ကုမ္ပဏီကိုစတင်တည်ထောင်ခဲ့သူဖြစ်ပြီး ဘုတ်အဖွဲ့၏ စွမ်းဆောင်ရည်နှင့်ကုမ္ပဏီ၏ မဟာဗျူဟာမြောက်ဦးတည်ချက်တို့အတွက်တာဝန်ရှိသူဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင်စက်မှုအင်ဂျင်နီယာ သိပ္ပံဘွဲ့ကိုတိုကျိုနည်းပညာတက္ကသိုလ်မှရရှိခဲ့ပြီး အိုဆာကာ နိုင်ငံခြားဘာတက္ကသိုလ်မှဂျပန်ဘာသာ ဒီပလိုမာကိုရရှိခဲ့ပါသည်။ ထို့အပြင် ဦးမြင့်ဝေသည် တိုရှီဘာကုမ္ပဏီ၏ ဒေတာစီမံပြုပြင်ရေးစင်တာ - အိုင်ဘီအမ် ၇၀၉၀ တွင် နှစ်နှစ်ခွဲခန့်အလုပ်သင်ခဲ့ပြီး ၁၉၇၅ ခုနှစ် တွင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ထို့နောက် ကြွေရယ်စိမ် အသုံးဆောင် ပစ္စည်းစက်ရုံတွင် အထွေထွစီမံခန့်ခွဲရေးမူးတာဝန် ထမ်းဆောင်ခဲ့သည်မှာ ၁၉၉၃ ခုနှစ်နိုင်ငံ့ဝန်ထမ်း သမဝါယမဌာန (“GEC”) က စက်ရုံကိုလက်လွှဲ ဝယ်ယူသည့် အချိန်အထိဖြစ်ပါသည်။ ထိုနှစ်အတွင်းပင်ဦးမြင့်ဝေသည် GEC ၏ ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပါသည်။

ဦးမြင့်ဝေသည် မြန်မာနိုင်ငံဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)၏ ၁၂ နှစ်ကြာ အသင်းဝင်တစ်ဦးလည်း ဖြစ်ပါသည်။ဤအသင်းသည်ဂျပန်နိုင်ငံတွင် အခြားညီနောင်အသင်းအဖွဲ့များနှင့်ချိတ်ဆက်ထားသည့်အကြီးဆုံးအသင်းအဖွဲ့ဖြစ်ပါသည်။မြန်မာနိုင်ငံနှင့်ဂျပန်နိုင်ငံမှကျော်ကြားသော ပညာရှင်များအပါအဝင်အသင်းဝင်ေပါင်း ၁,၅၀၀ ကျော်ရှိပါသည်။ MAJA ၏ ဥက္ကဋ္ဌအဖြစ် လက်ရှိတာဝန်ထမ်း ဆောင်နေသော ဦးမြင့်ဝေသည် ဤလူမှုကွန်ရက်ကိုအသုံးပြု၍ အာရှတစ်လွှား ကွာဟချက်များ ကိုဖြည့်ဆည်းပံ့ပိုးပေးခြင်း၊ ဆက်ဆံရေးကောင်းများ တိုးမြှင့်ခြင်းနှင့်ဂျပန်နည်းပညာနှင့်အတတ်ပညာတို့ကို မြန်မာလူမျိုးများထံ ယူဆောင်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

ဦးခွန်နောင်မြင့်ဝေ ဥက္ကဋ္ဌ
ဦးထိပ်ခွန်နောင်မြင့်ဝေ အမှုဆောင် အရာရှိချုပ်

စီမံခန့်ခွဲရေး အမူဆောင်အရာရှိအဖွဲ့

ဦးရဲမျိုးထွန်း
ဒါရိုက်တာ (ကော်ပိုရိတ်စီမံအုပ်ချုပ်ရေး)
ဦးရဲမျိုးထွန်းသည်ဝမင်းကုမ္ပဏီသို့၂၀၁၀ ခုနှစ်အစာပိုင်းတွင်မန််နေဂျာ / ဒုဥက္ကဋ္ဌ၏ ကိုယ်ရေးအရာရှိအဖြစ်စတင်ဝင်ရောက်လာခဲ့ပါသည်။ ၂၀၁၂ ခုနှစ်အလယ်ပိုင်းတွင်ရွှေတော်ရွှေတူးဖော်ရေးစီမံကိန်း၏ အထွေထွေ မန်နေဂျာအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ပြောင်မြောက်သော စီမံခန့်ခွဲမှုအတတ်ပညာကြောင့်၂၀၁၂ ခုနှစ်နှစ်ကုန်ပိုင်းတွင်ရုံးချုပ်ဌာန၏ ဌာနကြီးမှူးဖြစ်လာခဲ့ပါသည်။ ခေတ်ကာလအခြေအနေများကိုကျွမ်းကျင်စွာ သုံးသပ်နိုင်ပြီး ဖြေရှင်းနည်းများကိုဘုတ်အဖွဲ့သို့တင်ပြနိုင်ခဲ့သည့်အတွက် ဦးရဲမျိုးထွန်းကိုလုပ်ငန်းလည်ပတ်ရေး ဒါရိုက်တာအဖြစ်ရာထူးတိုးမြှင့်တာဝန်ထမ်းဆောင်စေခဲ့ပြီး တစ်ချိိိန်တည်းမှာပင်ရှမ်းယူနိုက်တက် ဘောလုံးအသင်း၏ မန်နေဂျာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် အ‌စောပိုင်း မှစတင်၍ ဝမင်း၏ ကော်ပိုရိတ်စီမံအုပ်ချုပ်ရေး ဒါရိုက်တာအဖြစ်လည်းကောင်း၊ ရှမ်းယူနိုက်တက်အသင်း၏ လုပ်ငန်းလည်ပတ်‌ရေး ဒါရိုက်တာအဖြစ်လည်းကောင်း ဝာာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကော်ပိုရိတ်စီမံအုပ်ချုပ်ရေး ဒါရိုက်တာတစ်ဦးအဖြစ် ဦးရဲမျိုးထွန်းသည် ကော်ပိုရေးရှင်း၏ ပြင်ပလုပ်ငန်းဆောင်တာများကိုညွှန်ကြားထိန်းချုပ်ပြီး သုံးသပ်ခြင်းဆိုင်ရာများကို အဓိက တာဝန်ယူထားပါသည်။
ဒေါ်တင်စန်း
ဒါရိုက်တာ (ကော်ပိုရိတ်စီမံအုပ်ချုပ်ေရး)
ဒေါ်တင်စန်းသည်၁၉၈၀ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်မှစက်မှုအင်ဂျင်နီယာဘွဲ့ကိုရရှိခဲ့ပါသည်။ ပညာရေးပြီးဆုံး သည်နှင့်တစ်ပြိုင်နက် စက်မှုဝန်ကြီးဌာန၏ ကြွေရည်စိမ်စက်ရုံတွင်ဝင်ရောက် လုပ်ကိုင်ခဲ့ပါသည်။၁၉၈၂ ခုနှစ် အ‌စောပိုင်းတွင် အရည်အေသွး ထိန်းချုပ်မှုအင်ဂျင်နီယာအဖြစ်တာဝန်တိုးမြှင့်ခန် ့အပ်ခံရပြီး ၁၉၉၄ ခုနှစ်တွင်ကြိုတင်စီမံပြင်ဆင်ရေးအင်ဂျင်နီယာ ဖြစ်လာခဲ့ပါသည်။ တာဝန်ဝတ္တရားများအပေါ် အာရုံစူးစိုက်နှစ်မြှုပ်ထားမှုကြောင့် ၁၉၉၉ ခုနှစ်တွင်ဒေါ်တင်စန်းကို လက်ထောက် စက်ရုံမန်နေဂျာအဖြစ် တိုးမြှင့် ခန့်အပ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင်စက်ရုံမန်ေနဂျာ ဖြစ်လာခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန (၁) မှအငြိမ်းစားယူခဲ့ပြီးနောက် ကိုက်ချုပ်ထုတ်ပိုး (CMP) စနစ်အထည်ချုပ်စက်ရုံ၏ မန်ေနဂျာအဖြစ် ဝမင်းလုပ်ငန်းစုသို့ ဝင်ရောက်လာခဲ့ပါသည်။ ထို့နောက်၂၀၁၃ ခုနှစ်တွင် အရောင်းနှင့် အရောင်းမြှင့်တင်ရေး ဒါရိုက်တာအဖြစ်တာဝန်တိုးမြှင့် ခန့်အပ်ခဲ့ပါသည်။ ယခုအခါ ဒေါ်တင်စန်းသည်စီမံရေးရာဌာန၏ ဒါရိုက်တာအဖြစ်တာဝန်ထမ်းဆောင်နပြီး အဓိကတာဝန်များမှာ လုပ်ငန်း၏ စီမံရေးရာ၊ ဌာနဆိုင်ရာနှင့်စာရွက်စာတမ်း လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ‌စေရန် မူဝါဒများကိုအလေးပေး ချမှတ်ထားရှိရန်နှင့်ကုမ္ပဏီ၏ အဆိုပါလုပ်ငန်းဆောင်တာအားလုံးကို ဆောင်ရွက်ရန်ဖြစ်ပါသည်။
ဒေါ်ယဉ်ယဉ်ကြည်
စီမံခန့်ခွဲရေးဒါရိုက်တာ (ကြွေရည်စိမ်လုပ်ငန်း၊ သံမဏိထုတ်လုပ််ရေး၊ ကူဘိုတာဂျိုကာစိုး)
ဒေါ်ယဉ်ယဉ်ကြည်သည် ရန်ကုန်တက္ကသိုလ်မှစီပွားရေးနှင့်ကူးသန်း ရောင်းဝယ်‌ရေးဘွဲ့ (B.Com (CPA)) ကိုရရှိခဲ့ပြီး ၂၀၀၉ ခုနှစ်တွင်ဝမင်းလုပ်ငန်းစုသို့စာရင်းကိုင်ချုပ်အဖြစ်ဝင်ေရာက်ခဲ့ပါသည်။ ဝမင်းသို့မဝင်ရောက်မီကာလများတွင်စာရင်းစစ် ကုမ္ပဏီနှင့်ကုန်သွယ်ရေးကုမ္ပဏီများတွင်အကြီးတန်းစာရင်းကိုင်အဖြစ် လုပ်ကိုင်ခဲ့ပါသည်။ စာရင်းကိုင်နှင့်စာရင်းစစ်နယ်ပယ် အပြင်စီမံခန့်ခွဲရေးတွင်လည်း လုပ်ငန်းအတွေ့အကြုံ နှစ်ပေါင်းများစွာရှိခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အစောပိုင်းတွင်ကြွေရည်စိမ်လုပ်ငန်း၊ သံမဏိထုတ်လုပ်ရေး၊ ကူဘိုတာဂျိုကာစိုး ရေဆိုးသန့်စင်ရေး စနစ်လုပ်ငန်းတို့၏ တာဝန်ခံဒါရိုက်တာအဖြစ် တာဝန်တိုးမြှင်ခန့်အပ်ခဲ့ပါသည်။ တာဝန်များကို စေ့စပ်သေချာစွာ ကြိုးစားလုပ်ကိုင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီးနောက်တွင်ဘုတ်အဖွဲ့က ဒေါ်ယဉ်ယဉ်ကြည်ကိုကြွေရည်စိမ်နှင့်သံမဏိထုတ်လုပ်ရေးဌာန၏ စီမံခန့်ခွဲရေး ဒါရိုက်တာအဖြစ်ဝာာဝန်တိုးမြှင်ခန့်အပ်ခဲ့ပါသည်။ ၂၀၁၇ ခုနှစ် အစောပိုင်းတွင်ဒေါ်ယဉ်ယဉ်ကြည်သည် WM ရေသန့်စင်လုပ်ငန်းနှင့် WM ထုတ်လုပ်ရေးလုပ်ငန်း ကုမ္ပဏီတို့၏ စီမံခန့်ခွဲရေး ဒါရိုက်တာဖြစ်လာခဲ့ပါသည်။ အဓိကတာဝန်များမှာ ဘတ်ဂျက်ထိန်းချုပ်ခြင်း၊ ဝန်ထမ်းများကိုစီမံခန့်ခွဲခြင်းအပါအဝင်လုပ်ငန်းဆောင် အားလုံးကို ညွှန်ကြားခြင်းအပြင် ကြွေရည်စိမ်နှင့်သံမဏိထုတ်လုပ်ရေးလုပ်ငန်းနှင့် ရေဆိုးသန့်စင်ရေး ဝန်ဆာင်မှုဆိုင်ရာ လုပ်ငန်းလျာထားချက်များနှင့်ရည်မှန်းချက်များ ပြည်မီအောင် အလေးပေးဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။
ဒေါ်အေးအေးမောင်
ဒါရိုက်တာ (အ‌ရောင်းနှင့်အရောင်းမြှင့်တင်ရေး၊ ကူဘိုတာ ဂျိုကာစိုး (Kubota Johkasou))
ဒေါ်အေးအေးမောင်သည် ဝမင်းကုမ္ပဏီသို့ မဝင်ရောက်မီက တယ်လီဖုန်းဆက်သွယ်ရေးနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကုမ္ပဏီ များတွင် စီမံရေးရာနှင့် အရောင်းမြှင့်တင်ရေး အတွေ့အကြုံ များစွာရှိခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ဝမင်းကုမ္ပဏီသို့ကူဘိုတာဂျိုကာ စိုးစနစ်ဆိုင်ရာ အရောင်းနှင့် အရောင်းမြှင့်တင်ရေး အကြီးတန်းမန်နေဂျာ အဖြစ် ဝင်ရောက်လာခဲ့ပါသည်။ တာဝန်အပေါ် စိတ်အားထက်သန်မှုနှင့်အာရုံစိုက်နှစ်မြှုပ်ထားမှုကို အလုပ်နှင့်သက်သေပြနိုင်ခဲ့မူကြောင့် ၂၀၁၄ ခုနှစ်တွင်ဒု အထွေထွေမန်နေဂျာအဖြစ်တာဝန်တိုးမြှင့်ခန့်အပ်ခဲ့ပါသည်။ ထို့နောက်၂၀၁၆ ခုနှစ်တွင်အရောင်းနှင့် အရောင်း မြှင့်တင်ရေး ဒါရိုက်တာအဖြစ်ထပ်မံ တိုးမြှင့်ခန့်အပ်ခဲ့ပါသည်။ ကူဘိုတာဂျိုကာစိုး ထုတ်ကုန်များအတွက်နှစ်စဉ် အရောင်းအစီအစဉ်များကို အကောင်အထည်ဖော်ခြင်း ‌ဒေသဆိုင်ရာ အရောင်း မန်နေဂျာများကိုကြီးကြပ်ခြင်း အပြင် လုပ်ငန်းအတွက် ဘက်စုံပေါင်းစည်းပါဝင်သော အရောင်းမြှင့်တင်ရေး မဟာဗျူဟာချမှတ်ပြီး အကောင်အထည်ဖော်ရာတွင် ဦးစီးကြပ်မတ်ခြင်း တို့ကိုအဓိကတာဝန်ယူထားပါသည်။
ဒေါ်ယုမွန်
ဘဏ္ဍာထိန်း
ဒေါ်ယုမွန်သည်၂၀၀၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှကွန်ပျူတာသိပ္ပံ (စာတမ်း) ဘွဲ့ကိုရရှိခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင်ဗြိတိန် နိုင်ငံမှစာရင်းအင်းဒီပလိုမာကိုလည်း ရရှိခဲ့ပါသည်။ ပညာသင်ယူပြီးနောက်၂၀၁၁ ခုနှစ်တွင် ဝမင်းကုမ္ပဏီသို့အငယ်တန်း စာရင်းကိုင်အဖြစ် ဝင်ရောက်လာခဲ့ပါသည်။ စာရင်းအင်းနှင့်ဘတ်ဂျက်ထိန်းချုပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများအပြင်သင်လွယ် တတ်လွယ်မှုကြောင့်၂၀၁၂ ခုနှစ်တွင်စာရင်းကိုင်အဖြစ် တာဝန်တိုးမြှင် ခန့်အပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်အကြီးတန်း စာရင်းကိုင် ဖြစ်လာခဲ့ပါသည်။ ဝမင်းကုမ္ပဏီက ဒေါ်ယုမွန်၏ တာဝန်အပေါ် အာရုံစိုက်နှစ်မြှုပ်ထားမှုကိုအသိအမှတ်ပြုခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဘဏ္ဍာရေး မန်နေဂျာအဖြစ် တိုးမြှင်ခန့်အပ်ခဲ့ပါသည်။ အဆိုပါဝာာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သည့်အတွက်၂၀၁၆ ခုနှစ် တွင် ဝမင်းကုမ္ပဏီ၏ ဘဏ္ဍာထိန်းအဖြစ် ထပ်မံတိုးမြှင့်တာဝန် ပေးအပ်ခဲ့ပါသည်။ ယခုအခါတွင် ဒေါ်ယုမွန်သည်ဝမင်းကုမ္ပဏီ၏ ဘဏ္ဍာထိန်းတာဝန်အပြင် အာရ်ဒီအက်စ်ကုမ္ပဏီလီမိတက် (RDS Co.,Ltd) ၏ စီပွားရေး နှင့်ကူးသန်း ရောင်းဝယ်ရေး ဒါရိုက်တာ တာဝန်ကိုပါ ထမ်းဆောင်လျက်ရှိပါသည်။ ဘဏ္ဍာထိန်းအနေဖြင့် ဒေါ်ယုမွန်၏ အဓိကတာဝန်မှာ စာရင်းအင်း ချထားပေးမူများ သင့်လျော် မှန်ကန်စေရန်နှင့်သက်ဆိုင်ရာ မှတ်တမ်းများ စနစ်တကျရှိထားရန် အလေးပေးဆောက်ရွက်ခြင်း ဖြစ်ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒါရိုက်တာအနေဖြင့် အဓိကတာဝန်မှာ ကုမ္ပဏီ၏ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတ်မှတ်ထားသည့် လျာထားချက်နှင့်ရည်မှန်းချက်များအလိုက်ကူးသန်းရောင်းဝယ်ရေး မဟာဗျူဟာများကို ရေးဆွဲခြင်းနှင့်အကောင်အထည််််ခြင်းးခြဖြစ်ပါသည်။
မေသူကျော်
ရုံးဌာနကြီးမှူး (စီမံရေး)
ဒေါ်မေသူ‌ကျော်သည် အဝေးသင်တက္ကသိုလ်မှ စီပွားစီမံခန့်ခွဲရေးဘွဲ့ကိုရရှိခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင်ရုံးဝန်ထမ်းအဖြစ်စတင် လုပ်ကိုင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းများကြောင့် အချိန်တိုအတွင်း ၂၀၀၄ ခုနှစ်တွင်နိုင်ငံတကာ အဖွဲ့အစည်းစံနှုန်း (I.S.O) ဆိုင်ရာ ရုံးတွင်းစာရင်းစစ် အဖွဲခေါင်းဆောင် အဖြစ်တာဝန်တိုးမြှင့်ခန့်အပ်ခဲ့ပါသည်။ ထို့နောက်၂၀၀၈ ခုနှစ်တွင်ဥက္ကဋ္ဌရုံး၏ အတွင်းရေးမှူး အဖြစ်ရာထူးတိုးမြှင့်ခဲ့ပါသည်။ စဉ်ဆက်မပြတ်စီမံရေးရာနှင့် ဝန်ထမ်းရေးရာ အတတ်ပညာများကိုလေ့လာပြီး မိမိကိုယ်ကို အရည်အချင်းတိုးမြှင့်ခဲ့သည့်အတွက်၂၀၁၄ ခုနှစ်တွင်အကြီးတန်း စီမံရေး အမှုဆောင်ဖြစ်လာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဝမင်း ကုမ္ပဏီက ဒေါ်မေသူကျော်ကို ဝန်ထမ်းရေးရာဌာန၏ ဒုအေထွေထွမန်ေနဂျာအဖြစ် တာဝန်တိုးမြှင့်ပေးအပ်ခဲ့ပြီး အချိန်တိုအတွင်း ၂၀၁၆ ခုနှစ်တွင်ဝန်ထမ်းရေးရာဌာန၏ အထွေထွေမန်နေဂျာအဖြစ် ထပ်မံတိုးမြှင်ခဲ့ပါသည်။ ရာထူးတာဝန်အလိုက်ဂုဏ်ယူစွာ ကြိုးစားလုပ်ကိုင်ခဲ့သည့်အတွက် စီမံရေးရာဌာန၏ ဌာနကြီးမှူးအဖြစ်၂၀၁၇ ခုနှစ်အစောပိုင်းတွင်တာဝန်ပေးအပ်ခဲ့ပါသည်။ ဒေါ်မေသူကျော်သည် ဝမင်းကုမ္ပဏီ၏ ဌာနဆိုင်ရာနှင့်စာရွက်စာတမ်း ဝန်ဆောင်မှုများကိုညွှန်ကြားကြပ်မတ်ပြီး ရုံးအဆောက်အအုံ များတွင်လိုအပ်သော ပစ္စည်းကိရိယာများနှင့်ဝန်ဆောင်မူများ ပြည့်ဝနေစေရန် အလေးပေးဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့၏ ရည်မှန်းချက်

စတင်တည်ထောင်စဉ်ကတည်းက ထားရှိခဲ့သော ဝမင်း၏ ရေရှည်ရည်မှန်းချက်သည် ရှယ်ယာရှင်များ၏ အမြတ်အစွန်းကို အမြင့်မားဆုံး မြှင့်တင်နိုင်ရန်ဖြစ်ပါသည်။ အဆိုပါ အခြေခံမူကို လက်ကိုင်ထား၍ ကျွန်ုပ်တို့၏ကုမ္ပဏီသည်အရည်အေသွး ကိုအသားပေးပြီး စည်းစနစ်ကျသော လုပ်ငန်းအစဉ်အလာကိုတည်ဆောက်ထားပါသည်။

ကျွန်ုပ်တို့၏ လှုပ်ရှားမှုသတင်းများ

ဝမင်းတွင် ကျွန်ုပ်တို့လုပ်‌ဆောင်နေသည်များကိုလေ့လာလိုက်ပါ။ နောက်ဆုံးရ သတင်းများ၊ အချက်အလက်များ၊ ထုတ်ကုန်နှင့်ကနဦးလှုပ်ရှားမှုအမျိုးမျိုး၏ အခြေအနေများအပြင် အနာဂတ်တွင်လုပ်ဆောင်မည့်လုပ်ငန်းသစ် များအကြောင်း အားလုံးကိုဖတ်ရှုနိုင်ပါသည်။

ဂုဏ်ယူဝံ့ကြွား ၂၀၁၇ ခုနှစ်မြန်မာနေရှင်နယ်လိဂ်မက်စ်ဘိလပ်မြေ ဆုဖလားပိုင်ရှင်များ

နိုဝင်ဘာ ၉, ၂၀၁၇
Learn More

ဂုဏ်ယူဝံ့ကြွား ၂၀၁၇ ခုနှစ်ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပိုင်ရှင်များ

အောက်တိုဘာ ၂၇, ၂၀၁၇
Learn More

ရွှေတိဂုံစေတီတော်သို့ Kubota Johkasou ရေဆိုးသန့်စင်စက်များ လှူဒါန်းခြင်း

စက်တင်ဘာ ၁၉, ၂၀၁၇
Learn More

၂၀၁၄ ခုနှစ် ရေအရင်းအမြစ်ဆိုင်ရာ လုပ််ငန််းများပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိမူ

အောက်တိုဘာ ၃၀, ၂၀၁၄
Learn More

ကေဇက်ဖိုက် (KZ-5) ဖိတ်ခေါ်ဂေါက်ရိုက်ပြိုင်ပွဲတွင် ဝမင်း၏ #ထုတ်ကုန်ပစ္စည််း မိတ်ဆက်ပွဲကျင်းပ

ဇွန် ၉, ၂၀၁၄
Learn More

၂၀၁၇ ခုနှစ်မြန်မာနေရှင်နယ်လိဂ်မက်စ်ဘိလပ်မြေ (၁၉) နှစ် အောက်လူငယ်အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခဲ့မှုကိုဂုဏ်ယူဝမ်းမြောက်ခြင်း

September 7th, 2017
Learn More

ဂုဏ်ယူဝံ့ကြွား ၂၀၁၈ ခုနှစ်မြန်မာနေရှင်နယ်လိဂ်မက်စ်ဘိလပ်မြေ ဆုဖလားပိုင်ရှင်များ


Learn More

ဂုဏ်ယူဝံ့ကြွား ၂၀၁၉ ခုနှစ်မြန်မာနေရှင်နယ်လိဂ်မက်စ်ဘိလပ်‌မြေဆုဖလားပိုင်ရှင်များ


Learn More

ဂုဏ်ယူဝံ့ကြွား ၂၀၂၀ ခုနှစ်မြန်မာနေရှင်နယ်လိဂ်မက်စ်ဘိလပ်မြေ ဆုဖလားပိုင်ရှင်များ


Learn More

ဂုဏ်ယူဝံ့ကြွား ၂၀၂၂ ခုနှစ်မြန်မာနေရှင်နယ်လိဂ်မက်စ်ဘိလပ်််မြေ ဆုဖလားပိုင်ရှင်များ


Learn More
ဆက်သွယ် ရန်

အမှတ် (၁၁၆)၊ သမိုင်းဘူတာရုံလမ်း၊ အမှတ် (၂) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ။

ဖုန်း : (၉၅၁) ၉၆၆ ၀၇၇ ၂၊ ၉၆၆ ၀၄၁ ၂။

ဖက်စ်: (၉၅၁) ၉၆၆ ၀၇၇ ၂၊ ၉၆၆ ၀၄၁ ၂။

အီးမေးလ်: admin@waminn.com

Go to top